Home >> Admissions

School Admissions

School Admissions ကျောင်းဝင်ခွင့်ကို အရိုးရှင်းဆုံးဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးထားပါသည်။

မိဘများအနေဖြင့် မိမိတို့သားသမီးအတွက် သင့်တော်ကောင်းမွန်သော ကျောင်းကို ရွေးချယ်အပ်နှံရန် အရေးကြီး ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသား/သူများအတွက် ပညာရေးဆိုင်ရာများကို ရင်းနှီးနွေးထွေးစွာ လာရောက် ဆွေးနွေးရန် မိဘများအား ဖိတ်ခေါ်ပါသည်။ UNITY ကျောင်းသည် သားသမီးပညာရေးအတွက် မိဘများ၏ အားထားယုံကြည်ရာ ဖြစ်စေမည့် ပညာရေးအဝန်းအဝိုင်းအဖြစ် စနစ်တကျ ဖွဲ့စည်းထားပါသည်။UNITY ကျောင်း၏ သင်ကြားရေး ဆရာမများသည် ဘာသာရပ်ကျွမ်းကျင် ပိုင်နိုင်မှုရှိခြင်းကြောင့် ကျောင်းသား/သူများကို ဘာသာရပ်အပေါ် စိတ်ဝင်စားစွာ လေ့လာလိုသောစိတ်၊ ဘာသာရပ်များ သင်ကြားရခြင်းကို ကျေနပ်စွာ သင်ယူလိုသောစိတ် ဖြစ်စေပါသည်။ UNITY ကျောင်း၌ ကျောင်းတက်ရခြင်းသည် စိတ်ပင်ပန်းမှုမရှိပါပဲ ကျောင်းသား/သူများအနေဖြင့် ကျေနပ် ပျော်ရွှင်စွာ သင်ယူခွင့် ရရှိပါသည်။ UNITY ကျောင်းတွင် ကျယ်ဝန်းသော ကျောင်းပရဝုဏ်၊ သန့်ရှင်း၍ လေဝင်လေထွက် ကောင်းသော စာသင်ခန်းများ၊ စာကြည့်တိုက်၊ ကစားကွင်း၊ သိပ္ပံခန်း၊ ပြီးပြည့်စုံသော သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများ ထားရှိခြင်းကြောင့် ကျောင်းသား/သူများ အနေဖြင့် အကောင်းဆုံး လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်ပါသည်။ UNITY မှဆရာ/မများသည် ကျောင်းသား/သူ များအား ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင် နားလည်တတ်ကျွမ်းစေရန် သင်ကြားပေးရုံမက ကလေးငယ်တို့သည် နောင်အခါ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးပါသည်။ ထို့ကြောင့် Head Education နှင့် Heart Education ကို ဆည်းပူးလေ့လာ သင်ယူခွင့် ရရှိနိုင်ရန်အတွက် ယခုပင် UNITY ကျောင်းဝင်ခွင့်ကို လျှောက်လွှာတင်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

It is important for parents to choose the suitable and good school for their children. Therefore, we warmly invite parents to discuss educational topics with us. UNITY school is systematically organised as an educational society which parents can trust for their children’ education. UNITY school teachers are experts in their subjects, and it gives the students curiosity for learning, and passion for learning with satisfaction. Learning at UNITY school is stress-free, satisfying, and enjoyable for the students. UNITY school has a big campus, clean and well-ventilated classrooms, a library, a playground, a laboratory, perfect curricula, and learning aids giving the best opportunity for students to learn best. UNITY school teachers not only teach the students to understand and master the school subjects, but also nurture them to become good human beings who can contribute back to society in the future. Therefore, we highly recommend you to apply for UNITY school admission so that you can enjoy Head and Heart Education.

School Admissions Steps

Admission Step 1
ဝင်ခွင့်လျှောက်လွှာတင်ခြင်း

မိဘ/အုပ်ထိန်းသူတစ်ဦးမှ
(၁) ကျောင်းဝင်ခွင့်လျှောက်လွှာကို မှန်ကန်စွာဖြည့်စွက်ရပါမည်။
(၂) ယခင်နှစ်အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်တင်ပြနိုင်ရမည်။

ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း

(၁) ကျောင်းဝင်ခွင့်ဖြေဆိုရန်"လိုအပ်သော" ကျောင်းသား/သူများသည် ညှိနှိုင်းသတ်မှတ်သည့် အချိန်ဇယားအတိုင်း ဖြေဆိုရပါမည်။
(၂) ကျောင်းဝင်ခွင့်ရကြောင်းကို ကျောင်းမှ အကြောင်းကြားပေးပါမည်။
(၃) ကျောင်းဝင်ခွင့်ကို ကျောင်းမှသေချာစွာစိစစ်၍ ဆုံးဖြတ်ပေးပါမည်။

ကျောင်းအပ်ခြင်း

(၁) ကျောင်းဝင်ခွင့်ရ ကျောင်းသား/သူသည် ကျောင်းလခပေးသွင်းခြင်းကို ဆက်လက်ပြုလုပ်ရပါမည်။
(၂) ကျောင်းသုံးစာအုပ်၊ သင်ထောက်ကူ၊ ယူနီဖောင်း စသည်တို့ ဝယ်ယူခြင်းကို ဆက်လက်ပြုလုပ်ရပါမည်။

FAQ

UNITY ကျောင်းမှာ ကလေးတို့ပညာရေးအတွက် ဘယ်လိုတွေ သင်ကြားပေးပါသလဲ?

မြန်မာသင်ရိုး (National Curriculum)နဲ့ နိုင်ငံတကာသင်ရိုး (Pearson Edexecl) UK Curriculum စတဲ့ သင်ရိုးနှစ်ခုကို သင်ကြားပေးပါတယ်။

Pearson ဆိုတာ ဘယ်လိုမျိုးလဲ?

ကျောင်းသား/သူများအတွက် နိုင်ငံတကာ အသိအမှတ်ပြု Certificate လက်မှတ်များ ပေးအပ်နေသော အင်္ဂလန်အခြေစိုက် အကြီးဆုံးပညာရေးအဖွဲ့အစည်းကြီး ဖြစ်ပါတယ်။

UK, Pearson မှ ဘယ်လိုအသိအမှတ်ပြုမှု့များ ရရှိမှာလဲ?
  • UNITY ကိုယ်ပိုင်ကျောင်းသည် Pearson Edexcel, UK အသိအမှတ်ပြု ‘‘Pearson International School” (Centre Number: 92666) ဖြစ်ပါတယ်။
    • international primary level (i Primary)
    • international lower secondary level (iLs)
    • international GCSE (IGCSE) အတန်းများကို UNITY ကျောင်းမှာ ဖွင့်လှစ်သင်ကြားပေးပါတယ်။
    • i Primary level တွင် Year-1 မှာ Year-6 အထိ သင်ယူရမှာဖြစ်ပါတယ်။
    • Year-6 အထိ သင်ယူပြီးလျှင် Pearson မှ တိုက်ရိုက်စစ်မေးသော Exam ကို ဖြေဆိုပြီး Primary Level ပြီးမြောက်ခြင်းလက်မှတ်ကို UK Pearson မှ Certificate ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ထို ပြီးမြောက်ခြင်း လက်မှတ်ရရှိထားသော ကျောင်းသား/သူသည် နိုင်ငံတကာရှိ ကျောင်းများသို့ Lower Secondary Level အဆင့်တွင် တိုက်ရိုက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
    • i Lower Secondary level တွင် Year-7 မှ Year-9 အထိ သင်ယူရမှာ ဖြစ်ပါတယ်။
    • iLs, Year-9 ကို ဝင်ရောက်ဖြေဆိုပြီး UK Pearson မှ ပေးအပ်သော Lower Secondary ပြီးမြောက်ခြင်း Certificate ကို ရရှိပါမယ်။ ထိုလက်မှတ် ရရှိပြီးသော ကျောင်းသား/သူသည် နိုင်ငံတကာရှိ ကျောင်းများသို့ IGCSE Level အဆင့်တွင် တိုက်ရိုက် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
    • IGCSE Level တွင် Pre-IGCSE Year-10, IGCSE Year-11 နှင့် Year-12 တို့ကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
    • IGCSE Year-12 ပြင်ဆင်ဖြေဆိုပြီး UK Pearson မှ ပေးအပ်သော Ordinary Level ပြီးမြောက်ခြင်း Certificate ကို ရရှိပါမယ်။ ထိုလက်မှတ်ရရှိပြီးသော ကျောင်းသား/သူသည် နိုင်ငံတကာရှိ ကျောင်းများသို့ Advanced Level တွင် တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မြန်မာသင်ရိုးတက်ရောက်ဖို့ ဘာတွေလိုသလဲ?

UNITY ကျောင်းမှာ မြန်မာသင်ရိုးအတွက် KG မှ Grade-12 အထိ သင်ကြားပေးပါတယ်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုထားသော ယခင်နှစ်ပြီးမြောက်ခဲ့သော လက်မှတ်ကို တင်ပြ၍ မိမိတက်ရောက်လိုသောအတန်းကို အပ်နှံနိုင်ပါတယ်။

နိုင်ငံတကာ သင်ရိုးတက်ရောက်ဖို့ ဘာတွေ လိုပါသလဲ?

ကျောင်းသား/သူ ယခင်နှစ်တက်ရောက်ခဲ့သော ကျောင်းမှ ယခင်နှစ် ပြီးမြောက်ခဲ့သော “အတန်းပြီးမြောက်ခြင်း” လက်မှတ်ကို တင်ပြနိုင်ရပါမယ်။ ထိုသို့ မတင်ပြ နိုင်လျှင် သက်ဆိုင်ရာအတန်းဝင်ခွင့်အတွက် placement test ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

Online Application Form

ကျောင်းဝင်ခွင့်‌ ကို online မှ လျှောက်ထားပြီးနောက် UNITY ကျောင်းမှ လျှောက်ထားသူထံသို့ ပြန်လည်ဆက်သွယ်ပေးပါမည်။

ကျောင်းသား/သူ အမည်
This field is required.
Gender
ကျား/မ
This field is required.
Class To Enroll
ယခုနှစ် တက်ရောက်လိုသည့်အတန်း (မြန်မာ/နိုင်ငံတကာသင်ရိုး)
This field is required.
ယခင်တက်ခဲ့သောကျောင်း
This field is required.
ယခင်ပြီးစီးအောင်မြင်ခဲ့သောအတန်း
This field is required.
မိဘ/အုပ်ထိန်းသူ အမည်
This field is required.
မိဘ/အုပ်ထိန်းသူ၏ ဖုန်းနံပါတ်
This field is required.
ဆက်သွယ်ရမည့် အိမ်လိပ်စာ
သီးခြားပေးလိုသော အချက်အလက်များ
Preferred Contact Method
How would you prefer us to contact you?
This field is required.

အသေးစိတ် ထပ်မံသိရှိလိုပါက အောက်တွင် ဖော်ပြထားသော Facebook, E-mail နှင့် ဖုန်းနံပါတ်များမှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Facebook – https://www.facebook.com/unityprivateschool/
Email – info@unity.edu.mm
Phone – 09-2036142, 09-43059244

Scroll to Top