School Campuses

UNITY Private School (Mandalay)
ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဥပဒေ၊ နည်းပဒေနှင့်အညီ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်ခွင့် ရခဲ့သည့် ပထမဆုံးကျောင်း(၁၁)ကျောင်းတွင် တစ်ကျောင်းအပါအဝင် ဖြစ်ခဲ့ပါသည်။ လိုင်စင်မှတ်ပုံတင်အမှတ် (ကကယ-၁၀/၀၃/၂၂၅)ဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်ကာ ကိုယ်ပိုင်ကျောင်းအဖြစ် အောင်မြင်စွာ ဖွင့်လှစ် သင်ကြားနေသော ကျောင်းဖြစ်ပါသည်။
UNITY Private School (Kyauk Se)
UNITY ကိုယ်ပိုင်ကျောင်း (ကျောက်ဆည်) ကို မှတ်ပုံတင်အမှတ် (ကကယ-၁၀/၁၃/၂၈၈)ဖြင့် (၂၀၁၅-၂၀၁၆) ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်တွင် ကျောက်ဆည်မြို့၌ UNITY Campus(2) ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ UNITY ကိုယ်ပိုင်ကျောင်း (ကျောက်ဆည်) ၏ Campus (2) တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်အမှတ် (မန်း-၂၂၈/၂၀၁၉) ဖြင့် မူကြိုကျောင်းကို ထပ်မံ၍ ဖြည့်စွက်ပြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
UNITY Private School (Myin Gyan)
UNITY ကိုယ်ပိုင်ကျောင်း (မြင်းခြံ) ကျောင်းခွဲကို မှတ်ပုံတင်အမှတ် (ကကယ-၁၀/၁၇/၂၉၃)ဖြင့် (၂၀၁၇-၂၀၁၈) ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။.

Vision
To make our learners proficient at academic, technological and social skills while fulfilling their dreams.
ကျောင်းသားများအားသူတို့၏အိမ်မက်များကိုဖြည့်ဆည်းပေးမည့်ပညာရေး၊နည်းပညာနှင့်လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်များတွင်ကျွမ်းကျင်လိမ္မာစေရန် ဆောင်ရွက်ပေးပါသည်။
Mission
To nurture our learners to be able to face life challenges and make significant contributions to society.
ကျောင်းသားများအား ဘဝစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် နှင့် လူ့အဖွဲ့အစည်းအတွက် ကောင်းသောပံ့ပိုးမှုများ ပေးတတ်စေရန် ပြုစုပျိူးထောင်ပေးပါသည်။

Welcome to UNITY Private School




တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံအတွင်းမှ မတူကွဲပြားသော နောက်ခံရှိကြသည့် ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပညာသင်ကြားရာ UNITY ကျောင်းတော်ကြီး ဖြစ်ပါသည်။ ထူးချွန်ထက်မြတ်၍ လိမ္မာယဉ်ကျေးသော ကျောင်းသား/သူများ လေ့လာဆည်းပူးရာ နေရာလည်းဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် သင်ကြားရေး ဆရာ/မများဖြင့် ဖွဲ့စည်းထားသော ပညာရေးအဖွဲ့အစည်း ဖြစ်ပါသည်။ UNITY ကျောင်းမှ ဆရာ/မများသည် ကျောင်းသား/သူများကို ချစ်ခြင်းမေတ္တာနှင့် ပျော်ရွှင်ခြင်းများ ရရှိရန် အမြဲဦးစားပေးပါသည်။ ကလေးတစ်ယောက်သည် မိဘ၊ ဆရာတို့၏ ချစ်ခြင်း မေတ္တာများ အပြည့် အဝ ရရှိနေလျှင်၊ ပျော်ရွှင်ခြင်းများ သူ၏သန္ဌာန်မှာ ဖြစ်တည်နေပါမည်။ ပျော်ရွှင်နေသော ကလေးတစ်ယောက်တွင် တတ်မြောက်ခြင်း၊ ထူးချွန်ခြင်း၊ အောင်မြင်ခြင်း၊ အများအကျိုး ဆောင်ရွက်နိုင်ခြင်း၊ မိမိပတ်ဝန်းကျင်ကို ကောင်းကျိုးပြုခြင်းများ ထာဝရ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါသည်။ ကလေးငယ်၏ ဘဝရပ်တည်မှုအတွက် ခိုင်မာသော အခြေခံပညာများရရှိရန် နှင့် လောကအကျိုးကို ထမ်းရွက်သယ်ပိုးလိုသော နှလုံးလှလူသားများ ဖြစ်လာစေရန် အစဉ်အမြဲကြိုးစားပေးလျှက်ရှိပါသည်။ ဘာသာရပ်များတွင် နားလည်တတ်ကျွမ်းစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန် စွမ်းဆောင်ပေးလျှက်ရှိသော UNITY ကျောင်းတော်ကြီးသည် စတင်တည်ထောင်သည့် ကာလမှ နှစ်ပေါင်း(၂၀)ကျော်အတွင်း လူရည်ချွန်များစွာမွေးထုတ် ပေးနိုင်ခဲ့သည်။ ဘာသာစုံဂုဏ်ထူးရှင်များစွာ ထွက်ပေါ်ခဲ့ သည်။ မြို့နယ်၊ ခရိုင်၊ တိုင်း ဆုများစွာ ရရှိခဲ့ပါသည်။
Inside the multi-ethnic country Myanmar, UNITY school is where students with different backgrounds study together in friendly peace. It is also a place where exceptional and emotionally intelligent students study. It is an educational organisation uniting teachers with expertise in their respective subjects. UNITY school teachers always prioritise students to receive loving-kindness and happiness from their teachers. When a student receives full loving-kindness from his parents and teachers, he will feel happiness in his whole mind and body. A happy child can achieve mastery, excellence, success, altruism, contribution back to his society and the environment. We strive for students to have strong basic education and to become emotionally intelligent people who are willing to try for the world with humanity in their heart. UNITY Private School trained a myriad of exceptional students more than 2 decades since its establishment. Students who achieved all distinctions have appeared. They won the prizes in township, district, and division levels.
Outstanding Students
UNITY Private School မှ ဂုဏ်ထူးဆောင် လူရည်ချွန် ကျောင်းသား/သူများ

မောင်ပြည့်ဝငြိမ်းချမ်း
.အဌမတန်း ဘက်စုံထူးချွန် လူရည်ချွန်
2017 - 2018 ပညာသင်နှစ်

မောင်မင်းခန့်သူ
အဌမတန်း ဘက်စုံထူးချွန် လူရည်ချွန်
2018 - 2019 ပညာသင်နှစ်

မအေးနန္ဒာမင်း
နဝမတန်း ဘက်စုံထူးချွန် လူရည်ချွန်
2018 - 2019 ပညာသင်နှစ်
Inquiry & Feedback Form
We love to hear your feedback, suggestions and inquires so we can improve our service!
