Skip to content

Our Story

UNITY ကိုယ်ပိုင်ကျောင်းသည် ၂၀၀၁-ခုနှစ်တွင် UNITY နေ့တက်သင်တန်းအဖြစ် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် လိုင်စင်မှတ်ပုံတင်အမှတ် (ကကယ-၁၀/၀၃/၂၂၅)ဖြင့် ကိုယ်ပိုင်ကျောင်းအဖြစ် ဖွင့်လှစ်ခွင့် ရရှိခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ဥပဒေ၊ နည်းဥပ‌ဒေနှင့်အညီ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်ခွင့်ရခဲ့သည့် ပထမဆုံးကျောင်း(၁၁)ကျောင်းတွင် တစ်ကျောင်းအပါအဝင် ဖြစ်ပါသည်။ (၂၀၁၅-၂၀၁၆) ပညာသင်နှစ်တွင် UNITY ကိုယ်ပိုင်ကျောင်း (ကျောက်ဆည်)ကို မှတ်ပုံတင်အမှတ် (ကကယ-၁၀/၁၃/၂၈၈)ဖြင့် တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါသည်။ (၂၀၁၇-၂၀၁၈) ပညာသင်နှစ်တွင် UNITY ကိုယ်ပိုင်ကျောင်း (မြင်းခြံ) ကျောင်းခွဲကို မှတ်ပုံတင်အမှတ်(ကကယ-၁၀/၁၇/၂၉၃) ဖြင့် ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်တွင် UNITY ကိုယ်ပိုင်ကျောင်း(ကျောက်ဆည်) တွင် Campus(2)ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ UNITY ကိုယ်ပိုင်ကျောင်း (ကျောက်ဆည်)၏ Campus (2) တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်အမှတ် (မန်း-၂၂၈/၂၀၁၉)ဖြင့် မူကြိုကျောင်းကိုလည်း တွဲဖက်၍ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ UNITY ကိုယ်ပိုင်ကျောင်းသည် မန္တလေးတိုင်းအတွင်း မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံမြို့များ၌ School Campus (4)ခုဖြင့် အောင်မြင်စွာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။

UNITY Private School was founded in 2001 as UNITY day training centre. During the academic year 2012-2013, it attained the permission as a private school under the license registration number (Kakaya-10/13/225).  It is one of the first 11 schools which received permission to run in accordance with rules and regulations for private schools set by the ministry of education in Myanmar. During the academic year 2015 -2016, UNITY Private School (Kyaukse) was established as a branch under the registration number (Kakaya-10/13/288). During the academic year (2017-2018), UNITY Private School (Myingyan) was established as a new branch under the registration  number (Kakaya-10/17/293). During the academic year (2018-2019), UNITY Private School (Kyaukse) Campus (2) was established. At UNITY Private School (Kyaukse) Campus (2), a nursery school was also established in accordance with early children nurture and development laws and regulations under the registration number (Man-228/2019). Currently, UNITY school is successfully running and teaching in 4 School Campuses in Mandalay, Kyaukse, Myingyan in Mandalay Division.

Leadership Team

ကလေးတစ်ယောက်အနေဖြင့် ဘဝခရီးကို ကိုယ်တိုင်လျှောက်လှမ်းရတဲ့အခါ အဆင်ပြေစွာ ရှင်သန်နေထိုင် သွားနိုင်ရန် ငယ်စဉ်ကတည်းက သင်ကြားပေးလိုက်  ရမည့် အရာများစွာ ရှိပါသည်။ ဘာသာစကားတွေ သင်ရပါမည်။ ဘာသာရပ်တွေ တတ်ကျွမ်းရပါမည်။ အခြေခံဘာသာစကားတွေ တတ်ကျွမ်းမှသာ လက်တွေ့ဘဝမှာ ဆက်သွယ်ရေးအတွက် အသုံးချနိုင်မှာ ဖြစ်ပါသည်။ ဘာသာရပ်များကို သင်ကြား/သင်ယူခြင်းမှ ရရှိတတ်ကျွမ်း သော အချက်အလက်များနှင့် ကိန်းဂဏန်းများကို အခြေခံပြီး ဘဝအတွက် လိုအပ်သလို အသုံးချနိုင်မှာဖြစ်ပါသည်။ ဆရာ/မများအနေဖြင့် ကျောင်းသား/သူများအား မိမိတိုင်းပြည်အတွက်၊ မိမိလူမျိုးအတွက်၊ မိမိ ပတ်ဝန်းကျင် အတွက် မည်သို့ဆောင်ရွက်ရမည်၊ မည်သို့စိတ်ထားရမည်၊ မည်သို့ အလုပ်လုပ်ပေးရမည် စသည့် မှန်ကန်သော အတွေးအခေါ်၊   မှန်ကန်သော လုပ်ဆောင်မှုများကို အခြေခံပညာသင်ကြားစဉ် အရွယ်ကတည်းက သိရှိစေရန် UNITY ကျောင်း၏ ဆရာ/မများမှ လမ်းညွှန်ပေးလျက်ရှိပါသည်။

As a child, there are many things we need to teach for him to continue living his life smoothly in his own life journey by himself. He needs to learn languages. Only after mastering basic languages, he can use them for communication in his practical life. Based on the skills and information gained by learning languages and numbers, he can use those skills in life. UNITY school teachers guide the students the right thinking and the right action such as how to behave, how to think, how to act for his country, his nation, his environment since basic education level.

ACCREDITATION

National Curriculum

UNITY ကိုယ်ပိုင်ကျောင်းသည် မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ တရားဝင်အသိအမှတ်ပြု ကျောင်းဖြစ်ပါသည်။

UNITY Private School is a school which is officially recognised by the ministry of education, Myanmar.

Pearson Edexcel

UNITY ကိုယ်ပိုင်ကျောင်းသည် အင်္ဂလန်နိုင်ငံတွင် အကြီးဆုံးပညာရေး အဖွဲ့အစည်းဖြစ် သည့် Pearson Edexcel, UK မှ Reg: no:92626 ဖြင့် အသိအမှတ်ပြု ရရှိထားသော Exam Centre ဖြစ်သည်။ 

UNITY private school is the Exam Centre which is recognised by Pearson Edexcel, the largest educational organisation in England, with the registration number 92626.

Cambridge Assessment

UNITY ကိုယ်ပိုင်ကျောင်းသည် Young Learner English Classes များအတွက် British Council ဖြင့် ချိတ်ဆက်၍ Cambridge Assessment ကို နှစ်စဉ်ဖြေဆိုကျင်းပနေသည့် ကျောင်းဖြစ်ပါသည်။

UNITY private school is a school which annually holds Cambridge Assessment for Young Learner English Classes in collaboration with British Council.

British Council Global Partner School

UNITY ကိုယ်ပိုင်ကျောင်းသည် British Council, UK ၏ Partner School ဖြစ်ပါသည်။

UNITY Private School is a Partner School of British Council, UK.

International Maths Olympiad Exam Center

UNITY ကိုယ်ပိုင်ကျောင်းသည် Challenging Mathematics များကို နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သင်ကြားပေးနေသော Maths Olympaid Exam Centre ဖြစ်ပါသည်။

UNITY private school is a Maths Olympiad Exam Centre which trains students challenging mathematics to participate in international competitions.

STEM Education

UNITY ကိုယ်ပိုင်ကျောင်းသည် လက်တွေ့လုပ်ဆောင်မှုများကို ကျောင်းသား/သူများ ထိတွေ့လုပ်ဆောင် ခွင့်ရရန် STEM Education ကို သင်ကြားပေးနေသော ကျောင်းဖြစ်ပါသည်။

UNITY Private School is a school which teaches STEM Education to students by learning practically and tangibly.