Skip to content

ဒေသန္တရ ဗဟုသုတရရန်အတွက်လည်းကောင်း၊ သူငယ်ချင်းများနှင့် မျှတညီညွတ်စွာ ပေါင်းသင်းတတ်စေရန် လည်းကောင်း၊ မိဘမပါသော ခရီးစဉ်အတွင်း မိမိကိုယ်ကို ကိုယ်တိုင်စီမံလုပ်ဆောင်တတ်စေရန် လည်းကောင်း၊ ကျောင်းစာသင်ခန်းမှ ခေတ္တထွက်ခွာ၍ စိတ်ဖိအားများကို လျော့ပါးစေရန်အတွက်လည်းကောင်း ရည်ရွယ်ကာ ကျောင်းသား/သူအများစုပါဝင်သော ပြည်တွင်းခရီးစဉ်ကို ပေးပို့ခြင်း ဖြစ်ပါသည်။