Skip to content

Weekend Classes

Cambridge Assessment

၂၁ ရာစုတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုသည် အရေးအကြီးဆုံးကဏ္ဍ ဖြစ်လာပါသည်။ ကျောင်းသင်ခန်းစာများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတများ ရှာဖွေဖတ်ရှုနိုင်ရန်မှာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းသား/သူများ၏ အင်္ဂလိပ်စာစွမ်းရည် မြင့်မားတိုးတက်စေရန် အင်္ဂလန်နိုင်ငံ Cambridge Assessment English ၏ နိုင်ငံတကာအသိအမှတ်ပြု Starters, Movers, Flyers, KET, PET Level များကို အပတ်စဥ်အတန်းများ ဖွင့်လှစ်ထားပါသည်။ Listening, Speaking, Reading, Writing စသည့် English 4 Skills အပြင် Grammer ကို ကျွမ်းကျင်တတ်‌မြောက်စေရန် သင်ကြားပေးပါသည်။ အသက် (၆) နှစ် အရွယ်တွင် Starters Level မှ စတင်၍ တက်ရောက်နိုင်ပါသည်။

In the 21st Century, English skills has become vital. It becomes essential to learn the English Literature and the English Language in order to study lessons broadly and read for general knowledge extensively. Therefore, to improve the students’ English skills, we run weekly classes for Starters, Movers, Flyers, KET, PET Levels recognised by Cambridge Assessment English, England. We teach not only Listening, Speaking, Reading, and Writing, but also Grammar. Students with minimum age limit of 6 can start attending classes for Starters Level.

Olympiad Maths

သင်္ချာဥာဏ်ရည်မြင့်မားသော၊ သင်္ချာဘာသာရပ်ကို အထူးစိတ်ဝင်စားသော၊ Challenging Mathematics ကို လေ့လာလိုသော ကျောင်းသား/သူများအတွက် Olympaid Maths အတန်းများကို အပတ်စဥ်တန်းများအဖြစ် ဖွင့်လှစ်ထားပါသည်။ အသက် (၈)နှစ်အရွယ်မှစတင်၍ တက်ရောက်ရန် သင့်တော်ပါသည်။ Elementary Level, Intermediate Level နှင့် Advanced Level များကို တက်ရောက်နိုင်ပါသည်။ နိုင်ငံတကာမှ ကျင်းပသည့် Maths Competition ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြင့် မိမိ၏သင်္ချာစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။

Olympiad Maths classes are running weekly for students who has high mathematical intelligence, who are deeply interested in mathematics, and who want to learn Challenging Mathematics. It is suitable for students starting from the age of 8. Elementary, Intermediate, and Advanced Levels are available. Participating in International Maths competitions can increase your mathematical skills.

STEM Education

Science, Technology, Engineering and Maths ဘာသာရပ်များတွင် လက်တွေ့ပြုလုပ်ခြင်းဖြင့် သင်ခန်းစာ များအား အမှန်တကယ် သိရှိနားလည်တတ်ကျွမ်းစေရန် စနစ်တကျရေးဆွဲထားသော STEM Education ကို အပတ်စဥ် သင်ကြားပေးပါသည်။ STEM ကို လေ့လာသင်ယူခြင်းဖြင့် သင်ခန်းစာများနှင့်သက်ဆိုင်သည့် လက်တွေ့ လုပ်ဆောင်မှုများကို ကိုယ်တိုင်ပြုလုပ်ရခြင်းကြောင့် ပြဿနာများကိုရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ စဥ်းစားတွေးခေါ် နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း စသည့် စွမ်းရည်များတိုးတက်စေနိုင်ပါသည်။ အသက်(၆)နှစ် အရွယ်မှ စတင်၍ တက်ရောက် နိုင်ပြီး အသက်အရွယ်အလိုက် Level ခွဲ၍ သင်ကြားပေးပါသည်။

In the subjects of Science, Technology, Engineering, and Maths, STEM Education is taught to make the students understand and master them thoroughly. By learning STEM, The students improve their skills such as problem-solving, critical thinking, and cooperation by practical learning related to the lessons. We teach 6 levels for the students with minimum age limit of 6.