Skip to content

Our Facilities

Project & Practical

Project Base Learning ဖြင့် သင်ခန်းစာများကို သင်ယူရခြင်းကြောင့် ကျောင်းသား/သူများသည် မိမိသင်ယူနေရသည့် သင်ခန်းစာအကြောင်းအရာများကို တိတိကျကျသိရှိ နားလည်လာစေပါသည်။ သင်ခန်းစာအပေါ် စိတ်ဝင်စားစွာဖြင့် သင်ယူရခြင်းကြောင့် ပျော်ရွှင်ကျေနပ်စေပါသည်။ စာတွေ့တင်မက လက်တွေ့များကို Science Lab များတွင် ပြုလုပ်ရခြင်းကြောင့် သင်ခန်းစာဆိုင်ရာ သဘောတရားများကို ပိုပြီး မှတ်မိစေပါသည်။ Project & Practical များပြုလုပ်ရခြင်းဖြင့် Own Learning Skills များကို ထက်သန် လာစေပါသည်။ Problem Solving Skill နှင့် Creativity မြင့်တက်လာစေပါသည်။ မိမိ၏ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း Time Management ကို လုပ်ဆောင်တတ်လာသည်။ မိမိကိုယ်ကို ယုံကြည်မှု Self Confidence တိုးမြင့်လာစေသည်။ UNITY ကျောင်းတွင် Project base Learning ကို ကိုယ်ပိုင်ကျောင်း စတင်ဖွင့်လှစ်ခွင့်ရခဲ့သည့် ၂၀၁၃-ခုနှစ် မှ ယခုအချိန်အထိ သင်ကြားပေးလျှက်ရှိပါသည်။ ကျောင်းသား/သူများ ကိုယ်တိုင် ပြုလုပ်ထားသော Project & Practical များကို Presentation ပြုလုပ်သည့် အခမ်းအနားဖြစ်သော Academic Day ကိုအောင်မြင်စွာ နှစ်စဉ်ကျင်းပနိုင်သည်အထိ တည်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

By learning lessons with Project-Based Learning, the students come to understand the lessons they are learning accurately. Enthusiastic learning for the lessons can bring satisfaction and happiness. Not only theoretical learning but also practical learning done in Science Labs make the students retain the concepts in their memory longer. Projects and Practical learning enhance Own Learning Skills, increasing Problem Solving Skills and Creativity. Students can handle Time Management. It increases Self-Confidence. At UNITY school, Project-Based Learning has been used since the time the school received its permission to run in 2013 until now. Academic Day, which is Project & Practical Presentation ceremony, is annually held successfully.

ICT & Computing

ICT & Computing ဘာသာရပ်သည် Education Sector မှာ မဖြစ်မနေ သင်ကြားပေးရမည့် ဘာသာရပ်ဖြစ်ပါသည်။ ICT ကို သင်ကြားတတ်မြောက်ခြင်းကြောင့် မိဘ၊ ဆရာနှင့် ကျောင်းသားတို့အကြား ဝေးကွာခြင်းမရှိ၊ တစ်ဉီးနှင့်တစ်ဉီး အချိတ်အဆက်မိစွာ အပြန်အလှန် ဆက်သွယ်နိုင်လာမည်။ ICT တတ်မြောက်ခြင်းကြောင့် သတင်းအချက်အလက်များကို အကန့်အသတ်မရှိ ရရှိစေခြင်းဖြင့် ပညာသင်ကြားရေးကို များစွာအထောက်အကူဖြစ်စေပါသည်။ နေ့စဉ်ဘဝအတွက် အကူအညီအထောက်အပံ့ ဖြစ်စေသော လိုအပ်သည့် Skills များ ရရှိစေဖို့ ICT ကို သင်ကြားတတ်မြောက်ရန် လိုအပ်ပါသည်။ နောင်လာမည့် အနာဂတ်တွင် Future Changes များကို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်စေရန် ICTကို နားလည်တတ်ကျွမ်းရမှာ ဖြစ်ပါသည်။ UNITY ကျောင်းသည် ကလေးများအား ခေတ်နှင့်အညီ သင်ယူခွင့်ရရှိစေရန်နှင့် သူတို့၏ဘဝ အနာဂတ် ပျော်ရွှင်လှပတင့်တယ်စေရန်အတွက် ကြိုတင်ပြင်ဆင်ပေးသည့်အနေဖြင့် ICT ဘာသာရပ်ကို သင်ကြားပေးလျှက်ရှိပါသည်။

ICT & Computing subject is a compulsory subject in education sector. By learning ICT, there will be no distance among parents, teachers, and students communicating in good links interactively. Unlimited access to information due to learning ICT enhances education. It is necessary to learn ICT in order to get skills that support our daily life. In the future, it is essential to understand and become skilful in ICT to face future changes. UNITY school teaches students the ICT subject to give them the opportunity to learn up-to-date and to make their future enjoyable and beautiful.

Native Speaker

တိုင်းရင်းသားကလေးတစ်ယောက်သည် သူမွေးဖွားရာ တိုင်းရင်းသားဒေသတွင် တစ်သက်တာ နေထိုင်သွားမည်ဆိုပါက တိုင်းရင်းသား ဘာသာစကားကို တတ်မြောက်လျှင် လုံလောက်ပါသည်။ သူသည် မြန်မာပြည်အနှံ့ နေထိုင်လုပ်ကိုင်မည်ဆိုပါက မြန်မာစကား တတ်မြောက်ရန် လိုအပ်လာပါသည်။ ထိုမှတစ်ဖန် နိုင်ငံရပ်ခြားသို့ သွားရောက်၍ ပညာသင်မည်၊ အလုပ်လုပ်မည်ဆိုပါက သွားရောက် နေထိုင်လုပ်ကိုင်မည့် နိုင်ငံ၏ ဘာသာစကား(သို့) ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စကားကို မဖြစ်မနေ တတ်မြောက်ရပါမည်။ သို့ဖြစ်ပါ၍ ကျောင်းသား/သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ နယ်ပယ်ဒေသမရွေးမှာ အဆင်ပြေစွာ ရပ်တည်နေထိုင်သွားနိုင်ရန်၊ ပညာရပ်များကို ဆက်လက်ဆည်းပူး လေ့လာနိုင်ရန်အတွက် ကမ္ဘာသုံး ဘာသာစကားကို Native Speaker Teacher များဖြင့် UNITY ကိုယ်ပိုင်ကျောင်းမှာ သင်ကြားပေးနေပါသည်။

If an ethnic child lives in his ethnic region of his birth for his whole life, learning only that ethnic language is enough for him. However, if he will live all over Myanmar, it is necessary for him to learn Burmese. Moreover, if he plans to go abroad for study or work, it is essential for him to study the country he is going to live (or) English, which is the global language. Therefore, we teach students the global language with Native Speaker Teachers so that the students can live or learn in any place, domestically or abroad, at UNITY Private School.

Library

သင်ယူစရာတွေများလွန်းတဲ့ ဒီကမ္ဘာကြီးမှာ ကျယ်ကျယ်ပျံ့ပျံ့နှံ့နှံ့စပ်စပ်သိဖို့ ကလေးများ စာဖတ်ဖို့လိုပါသည်။ ကလေးများကျင်လည်ရာ ပတ်ဝန်းကျင်ကမ္ဘာရဲ့ အခြားသောအရပ်မှာ အခြားသော နေရာတွေမှာ ဘယ်လို ယဉ်ကျေးမှုတွေရှိမလဲ သိခွင့်ရဖို့ ကလေးများစာဖတ်ရပါမည်။ မသိမမီလိုက်တဲ့ အချိန်ကာလက သမိုင်းဝင် အဖြစ်အပျက်တွေကိုသိဖို့ ကလေးများ စာဖတ်ဖို့လိုပါသည်။ အကန့်အသတ်မရှိ များလွန်းတဲ့ ဗဟုသုတနဲ့ ကျယ်ပြောလှတဲ့ လောကကြီးအကြောင်းသိဖို့ ကလေးများ စာများများဖတ်ရပါမည်။ စာဖတ်ခြင်းက မှတ်ဉာဏ်ကိုတိုးစေသည်။ ပိုပြီးကျန်းမာသော ဘဝနေထိုင်မှုကို သိစေနိုင်သည်။ ဦးနှောက်ယိုရွင်းမှုကို ကာကွယ်ပေးနိုင်သည်။ စိတ်အားငယ်မှုကို လျော့ပါးစေပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိစေသည်။ စိတ်ဖိစီးမှု တွေကို လျော့ချပေးနိုင်သည်။ စိတ်နဲ့ခန္ဓာရဲ့ နာကျင်မှုတွေကို သက်သာစေနိုင်သည်။ ကလေးများ စာဖတ်ခြင်းဖြင့် လူတော်လူကောင်းလေးများ ဖြစ်လာမည်။ လောကဓံကို ရင်ဆိုင်အနိုင်ယူ နိုင်လာမည်။ ကိုယ်ချင်းစာစိတ် များ ဖြစ်တည်လာမည်။ စိတ်ကောင်းရှိလာမည်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးကို အမီလိုက်ပါနိုင်ပါမည်။ ကလေးများအား စာဖတ်ခြင်းအလေ့အထရှိဖို့၊ စာဖတ်ခြင်းမှာပျော်မွေ့စေဖို့ မူကြို အရွယ်မှစ၍ UNITY ကျောင်းမှာ ပြုစုပျိုးထောင် ‌လေ့ကျင့်ပေးပါသည်။

In this world full of things to learn, children need to read to know widely. Children must read to have a chance to know what kinds of cultures exist in other places except their own environment they have been raised. Children need to read to know the historical events in the periods they were not born. Children must read to know about the world full of unlimited information and facts. Reading enhances memory. It can make us know healthier lifestyle. It can protect from brain deterioration. It can reduce low self-esteem and increase self-confidence. It reduces stress. It relieves mental and physical pain. Children will become good and clever people by reading. They will win through life challenges. They can grow empathy. They will become good-natured. They can catch up with fast growing world. At UNITY school, we raise and train the children to gain a habit of reading and enjoyment in reading since nursery school level.

Music & Arts

ဂီတ၊ အနုပညာ သင်ကြားပေးခြင်းဖြင့် ကလေးများသည် ကျောင်းနေပျော်၍ သင်ယူလိုစိတ် ထက်သန်လာစေပါသည်။ ကိုယ်စိတ်နှလုံးနူးညံ့သိမ်မွေ့လာစေပါသည်။ အများနှင့် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းကို ရရှိစေပါသည်။ ဖန်တီးနိုင်မှု တီထွင်နိုင်မှုစွမ်းရည်များကို စေ့ဆော်ပေးပါသည်။ ကိုယ်တိုင် ပါဝင်လုပ်ဆောင်လိုစိတ်ကို နှိုးဆွပေးသောကြောင့် တတ်ကြွစွာ သင်ယူမှု (Active Learning) ကို ရရှိစေပါသည်။ ကျောင်းနေပျော်ပြီး ပိုမိုမှန်ကန် ကောင်းမွန်သော၊ မြင့်မြတ်သော စိတ်နှလုံးပိုင်ရှင်များ ဖြစ်လာစေပါသည်။ UNITY ကျောင်းတွင် ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် သင်ရိုးသစ်ပါ ဂီတ၊ အနုပညာ အခြေခံ သင်ရိုးများကို ရည်ရွယ်ချက် ပြည့်မီစေရန် သင်ကြားပေးလျက်ရှိပါသည်။

We strengthen the students’ passion for learning and enjoyment at school by teaching music and art. By doing this, we make their minds gentler, and achieve a good habit of cooperation. We also stimulate their creativity and invention. As we encourage active participation, they get active learning. Enjoying school time, we transform them into truer, better, nobler, more kind-hearted people. At UNITY school, we teach basic music and arts curriculum to meet all objectives of the new curriculum set by the ministry of education.

Sports & Physical Education

ကာယနှင့်အားကစားကို သင်ကြားပေးခြင်းဖြင့် စိတ်ရော ကိုယ်ပါ ပျော်ရွှင်မှုကို ရရှိစေခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ဂရုပြုတတ်ခြင်း၊ အများနှင့်ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားဖော် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အပြုအမူကောင်းများ ရရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး လေးစားတန်ဖိုးထားတတ်ခြင်း၊ ကျန်းမာကြံ့ခိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ UNITY ကျောင်းတွင် ပညာရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် သင်ရိုးသစ်ပါ ကာယပညာအပြင် အခြား အားကစားနည်းများကိုလည်း တွဲဖက်သင်ကြားပေးလျှက်ရှိပါသည်။

We give the students the benefits such as mental and physical well-being, awareness of health and safety, friendly cooperation, a good habit of team spirit, mutual respect, good health, robustness, and self-confidence by teaching them physical education and sports. At UNITY school, we teach physical education according to the new curriculum set by the ministry of education as well as other sports.