Skip to content

ကျောင်းတွင်း activity များပြုလုပ်သည့်အခါတိုင်းမှာ ကလေးများအတွက် အကျိုးရှိစေမည့်အစီအစဉ်များကို စီစဉ်လုပ်ဆောင်ရပါသည်။ OPEN DAY မှ အစီအစဉ်များသည် မိဘ/ကျောင်းသားများအတွက် တန်ဖိုး မဖြတ်နိုင်သည့် အမှတ်တရများရရှိစေရန်၊ ကလေးများ၏ ကိုယ်ရည်ကိုယ်သွေးမြင်မားလာစေရန်၊ ကလေးများ ၏ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို သိရှိဖော်ထုတ်စေနိုင်ရန်၊ သင်ရိုးသစ်၏ ဦးတည်ချက်များကို အပြည့်အဝရရှိစေရန်၊ ကိုယ့်ဝန်ကိုယ်ထမ်းနိုင်စေရန်၊ နှလုံးလှတဲ့လူသားများဖြစ်စေရန်၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာသော ဘဝကိုပိုင်ဆိုင်ခွင့်ရနိုင်ရန်၊ ကျောင်းသင်ခန်းစာများကို အခြေခံပိုင်နိုင်၍ ကျွမ်းကျင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများကို ဦးတည်ချက်ထားပြီး လုပ်ဆောင်ပေးသည့် အခမ်းအနားဖြစ်ပါသည်။