Skip to content

UNITY ကျောင်းသား/သူများသည် ပညာသင်နှစ် တစ်နှစ်လုံး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို Project based learning ဖြင့် သင်ယူခဲ့ကြသည်။ Project based learning မှ ကလေးငယ်တို့ ကိုယ်တိုင်ပြုလုပ်ခဲ့ကြသည့် project များအား presentation ပြုလုပ်သည့် ACADEMIC DAY အခမ်းအနားကို ကျင်းပပါသည်။ ထိုအခမ်းအနားတွင် ကျောင်းသား/သူများကို ပြခန်းတာဝန်ခံများအဖြစ် တာဝန်ယူစေခြင်း၊ ပြခန်းများစီစဉ်စေခြင်း၊ ရှင်းလင်းပြသစေခြင်း၊သိမ်းဆည်းစေခြင်း ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်စေပါသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ကျောင်းသား/သူများကို “တာဝန်သိစိတ်၊ တာဝန်ကျေပွန်အောင် လုပ်ဆောင်လိုစိတ်၊ တာဝန်ပြီးမြောက်အောင်ထမ်းဆောင်လိုစိတ်" များ ရရှိစေရန် ရည်ရွယ်၍ ပြုစုပျိုးထောင် ပေးခြင်းဖြစ်ပါသည်။ UNITY ကျောင်းသည် ကျောင်းသား/သူများအား “ကိုယ်ရည်ကိုယ်သွေးမြင့်သော လူတော်လူကောင်းများဖြစ်လာစေရန်အတွက် သင်ကြားရေးတွင်သာမက ပြုစုပျိုးထောင်ရေးကိုပါ အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။”