Skip to content

မြန်မာ့ရိုးရာ မဟာဘုံကထိန်တော်ကို နှစ်စဉ် မြန်မာနှစ် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အတွင်း ကျင်းပပါသည်။ ကျောင်းသား/သူများနှင့် ဆရာ/မများ စုပေါင်းလှူဒါန်းကြသည့် လှူဖွယ်ဝတ္ထုအစုစုကို အလှည့်ကျရာ ဘုန်းတော်ကြီးကျောင်းသို့ ရေစက်ချ လှူဒါန်းကြပါသည်။ ကျောင်းတွင် ကထိန်ပွဲအခမ်းအနားအဖြစ် ကျောင်းသား/သူများနှင့် ဆရာ/မများ ကိုယ်တိုင် ချက်လုပ်ထားသော မြန်မာမုန့်မျိုးစုံ ဖြင့် ဧည့်ခံကျွေးမွေးပါသည်။ မြန်မာတို့၏ ချစ်စရာကောင်းသော တန်ဆောင်တိုင်ပွဲတော် ဖြစ်ပါသည်။